အဆင့် 1
Registration Website သို့ ဝင်ရောက်ခြင်း
Registration Website: www.mathemania.com.mm
- Mathemania Official Registration Platform သို့ ဝင်ရောက်ပါ။
- “Register” ခလုတ်ကို နှိပ်ပါ။
Mathemania
Mathematics competition since 2005
ပြိုင်ပွဲ လမ်းညွှန်
ပြိုင်ပွဲမတိုင်မီ ပါဝင်ခွင့်၊ အချိန်ဇယား၊ မေးခွန်းပုံစံနှင့် ဆုများအကြောင်း သိထားရန် လိုအပ်သမျှ။
တရားဝင် ပြိုင်ပွဲအချက်အလက်
အသုံးပြုသူ လမ်းညွှန်ချက်များ
Account ဖန်တီးခြင်းမှ စတင်၍ ပြိုင်ပွဲဝင်အချက်အလက်၊ လိုအပ်သော စာရွက်စာတမ်းနှင့် ငွေပေးချေမှုတို့ကို အဆင့်ဆင့် ပြီးစီးအောင် ဆောင်ရွက်နိုင်ပါသည်။
အဆင့် 1
Registration Website: www.mathemania.com.mm
အဆင့် 2
အောက်ပါ ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပါ။
အချက်အလက်များအားလုံး ဖြည့်ပြီးပါက “Create Account and Continue” ကို နှိပ်ပါ။
အဆင့် 3
ပြိုင်ပွဲဝင်၏ ပြိုင်ပွဲဆိုင်ရာ အချက်အလက်များကို ဖြည့်ပါ။
အချက်အလက်များအားလုံး ဖြည့်ပြီးပါက “Continue” ကို နှိပ်ပါ။
အဆင့် 4
Student ID Card (ကျောင်းသားကတ်)၊ NRC / National Identification Card (နိုင်ငံသားစိစစ်ရေးကတ်) သို့မဟုတ် Birth Certificate (မွေးစာရင်း) တစ်ခုကို Upload ပြုလုပ်ပါ။
Upload ပြီးပါက “Save” ကို နှိပ်ပါ။
အဆင့် 5
စာရင်းပေးသွင်းကြေး ပေးသွင်းရန် -
နောက်ဆုံး “Save Payment Receipt” ကို နှိပ်ပါ။
အဆင့် 6
Upload ပြုလုပ်ထားသော Payment Receipt ကို ပြန်လည်စစ်ဆေးပါ။
အဆင့် 7
သင်၏ Registration ကို Mathemania Committee မှ စစ်ဆေးအတည်ပြုမည်ဖြစ်ပါသည်။
စစ်ဆေးမှုလုပ်ငန်းစဉ်အတွက် ခန့်မှန်းခြေအားဖြင့် (၁) ပတ်ခန့် ကြာမြင့်နိုင်ပါသည်။
Mathemania Committee ထံမှ Payment Confirmation Email ရရှိပြီးမှသာ သင်၏ Registration ကို တရားဝင် အတည်ပြုမည်ဖြစ်ပါသည်။
Student Portal
Payment အတည်ပြုပြီးနောက် Student Portal သို့ ဝင်ရောက်ခြင်း၊ Dashboard အသုံးပြုခြင်းနှင့် Trial Exam လေ့ကျင့်ခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်ပါ။
အဆင့် 1
Payment ကို စစ်ဆေးအတည်ပြုပြီးနောက် Mathemania Committee ထံမှ Payment Confirmation Email ရရှိမည်ဖြစ်ပါသည်။
Email ရရှိပြီးနောက် Student Portal ကို ဝင်ရောက်အသုံးပြုနိုင်ပါသည်။
အဆင့် 2
www.mathemania.com.mm သို့ ဝင်ရောက်ပါ။
အဆင့် 3
Website ၏ ညာဘက်အပေါ်ထောင့်ရှိ “Log In” ခလုတ်ကို နှိပ်ပါ။
အဆင့် 4
Registration ပြုလုပ်စဉ် အသုံးပြုခဲ့သော အချက်အလက်များကို ဖြည့်ပါ။
ထို့နောက် “Sign In” ကို နှိပ်ပါ။
အဆင့် 5
အောင်မြင်စွာ Sign In ပြုလုပ်ပြီးပါက သင်၏ Student Portal Dashboard သို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
အဆင့် 6
ပြိုင်ပွဲမတိုင်မီ Trial Exam ဖြေဆိုခြင်းသည် Online Examination System နှင့် ရင်းနှီးလာစေခြင်း၊ မေးခွန်းပုံစံများကို နားလည်လာစေခြင်းနှင့် တရားဝင်ပြိုင်ပွဲအတွက် ကောင်းမွန်စွာ ပြင်ဆင်နိုင်စေခြင်းတို့အတွက် အထောက်အကူပြုပါသည်။
Trial Exam ကို Registration ပြုလုပ်ပြီးသော ပြိုင်ပွဲဝင်များအားလုံးအတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။
Mathemania Registration ပြုလုပ်ပုံကို အဆင့်ဆင့် လေ့လာရန် Video လမ်းညွှန်ကို ကြည့်ရှုပါ။